Monday, 27 October 2014

ဝေးနေတဲ့ နေ့ရက်များ

ကောင်းကင်ပေါ်မှာ ကြယ်တွေမစုံတဲ့ ညလေးတစ်ညမှာ

လေပြေတွေဟာတိတ်ဆိတ်လို့နေတယ်
ကြွေသောပန်းကလေးတွေ
မြေပြင်မှာမွှေးပြန့်ကြွေကျနေလေရဲ့

တစ်ယောက်တည်းဆွေးရင်း
မသေချာသေးတဲ့
ကိုတို့နှစ်ယောက်ရဲ့
အချစ်အိမ်လေးကို
အတွေးထဲက

စိတ်ကူးပုံဖော်နေရင်းနဲ့ပေါ့
နိဂုံးမှာတော့မင်းကို
ကိုယ်လွမ်းရတော့မယ်ဆိုတာ
ကိုယ်အလိုလိုသိနေမိတယ်
ချစ်သူရယ်။


ကြယ်ရောင်စုံထွန်းလင်းတဲ့
ညနက်ထဲမှာ
များတကာအိပ်မောကျ
ညတစ်ညရဲ့ 
အလှလည်းမသိနိုင်
တစ်ယောက်တည်း

ထိုင်ကာတွေး
ကိုယ်တို့ နှစ်ယောက်ရဲ့ 
အနာဂတ်ရှေ့ ရေးလေ။

သတိရ
လွမ်းဆွတ်
တမ်းတ
မျှော်လင့်သမျှတွေ
အရာရာတွေနဲ့
ကံကြမ္မာရယ်

ဆုတောင်းတိုင်းသာ
ပြည့်မယ်ဆိုရင်
ကိုယ်တို့ 
နှစ်ယောက်အတွက်
ပျှော်ရွှင်ချမ်းမြေ့ စရာကောင်းတဲ့ 

ဘဝလေးတခု
အမြန်ဆုံး
ချစ်သူလေးနဲ့
အတူတွေ့နိုင်
ပိုင်ဆိုင်နိုင်ပါစေလို့ 
အကြိမ်ကြိမ်

ရင်ထဲနှလုံးသားထဲက
ဦးညွတ်ဆုတောင်းရင်း

မျှော် လင့်နေ မိ တယ် ချစ် သူ လေးရယ်
http://thailongsea.blogspot.com

0 comments:

Post a Comment