Monday, 18 July 2016

ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့သည့် ရန်ကုန်မြို့ ၊အတွင်းဝန်များရုံးတွင် ကျင်းပသော အာဇာနည်နေ့ အခမ်းအနား
ဧရာဝတီ၊ ဇူလိုင် ၁၉ ၊ ၂၀၁၆
ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့ရာ ရန်ကုန်မြို့၊ အတွင်းဝန်များရုံးတွင် ၆၉ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကျင်းပခဲ့ပြီး ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ဓာတ်ပုံ-ဂျေပိုင်/ဧရာဝတီ
ရန်ကုန် အတွင်းဝန်ရုံး ပြည်သူများ လာရောက်လေ့လာ
ဧရာဝတီ၊ ဇူလိုင် ၁၉ ၊ ၂၀၁၆
ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့ရာ ရန်ကုန်မြို့ ရှိ အတွင်းဝန်ရုံးကို အများပြည်သူများ လာရောက်လေ့လာခွင့်ပြုထားပြီး နံနက် ၈ နာရီ ၃၀ မိနစ်မှစတင်၍ အများပြည်သူများ တဖွဲဖွဲ လာရောက်လေ့လာနေကြပြီဖြစ်သည်။
ဓာတ်ပုံ- ဂျေပိုင်/ဧရာဝတီ
၆၉ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် နိုင်ငံတော်အခမ်းအနားဖြင့် လွမ်းသူပန်းခွေချ
ဧရာဝတီ၊ ဇူလိုင် ၁၉ ၊ ၂၀၁၆
၆၉နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ဇူလိုင်လ ၁၉ ရက်နံနက်ပိုင်းတွင် ရန်ကုန်မြို့ဗဟန်းမြို့နယ်ရှိ အာဇာနည်ဗိမာန်တွင် ကျင်းပပြုလုပ်ခဲ့ရာ ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ပြည်ထောင်စုတရားသူကြီးချုပ်ဦးထွန်းထွန်းဦးနှင့် အစိုးရ၊ လွှတ်တော် ဆိုင်ရာ တာဝန်ရှိသူများ၊ တပ်မတော်အရာရှိကြီးများ တက်ရောက် အလေးပြုခဲ့ကြသည်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်သည် အာဇာနည် မိသားစုဝင်တဦးအနေဖြင့် အခမ်းအနားသို့ တက်ရောက် ဂါဝရပြုခဲ့သည်။
ဓာတ်ပုံ - ပြေကျော် / ဧရာဝတီ
welcome to my weatsite to everybody. love all my friendship