Monday, 27 October 2014

အဖြည့်ခံ (ချစ်သူဖတ်ဖို့)

အ ဖြည့်ခံ

စူးရှတောက်ပခြင်းတွေနဲ့
ရောင်စုံဖြာခမ်းနားနေမ
တန်ဖိုးထားတတ်တဲ့

ချစ်သူအတွက်
ငါ ....... က .....
မီးအိပ်လေးတစ်လုံး ဖြစ်ခဲ့တယ်။

ထိန်ထိန်ညီး
အောင်တော့
မစွမ်းဆောင်နိုင်ခဲ့ပေမဲ့

ချစ်သူရဲ့ဘဝ
တစ်ထောင့် တစ်စိတ်
တစ်ဒေသ မှာတော့

မှောင်ရိပ်ကျနေတဲ့
အချိန်မျိုးမှာတော့
အင်အားရှိသလောက်
ထွန်းလင်းဖြည့်စီးပေးခဲ့တယ်။


ချစ်သူအနားက
များပြားတဲ့
မီးရောင်စုံတွေကို

မယှဉ်သာပေမဲ့

ငါလင်းလက်တိုင်းမှာ
ငါ့ဘဝတစ်ခုလုံးမြုပ်နှံရင်း
စစ်မှန်နက်ရှိုင်းတဲ့

ငါရဲ့ချစ်ခြင်းကို
ငါ့အလင်းတွေနဲ့
ခင်းကျင်းခဲ့တယ်

ချစ်သူ ...

မင်းရဲ့နှလုံးသားမှာ
နေရာလေးတစ်ခုမြဲဖို့အတွက်
ထားရာနေ စေရာသွား
ဘဝနဲ့ ငါဘယ်လောက်ပဲ

ကြိုးစားခဲ့ပါစေ မှေးမှိန်သွားခြင်းကို
နေရာမပေးတတ်တဲ့

သူက .....

သန်းခေါင်ကနေ
ရှေ့မဆက်တဲ့
ခက်နက်နက်ညတွေမှာ

ငါ့ကိုပြန်ပြီး
အမှောင်ချ
စူးရှတောက်ပခြင်းတွေနဲ့
ရောင်စုံဖြာ ခမ်းနားနေမှ

တန်ဖိုးထားတတ်တဲ့
မင်းအပေါ်မှာ
အဖြည့်ခံ ရင်း

မင်းအတွက်
ငါရဲ့အင်အားရှိသလောက်

အမြဲ ထွန်းလင်း

ပေး နေ ဆဲ ပါ ပဲ ချစ် သူ .....

ချစ်ခြင်း အားဖြင့် စောင့်မျှော် လျှက် ....www.thailongsea.com
NO.28October2014
www.http://thailongsea.blogspot.com

0 comments:

Post a Comment