အထီးကျန် နေဝင်ချိန်များသမီးရယ် အကြွေလေး ပါရင်ပေးခဲ့ပါ၊ ထမင်းမစား
ရသေးလို့“အသံကြားရာ ကို လှမ်းကြည့်လိုက်တော့ မိုးရေ စိုရွှဲနေသည့် အဘွားအို
တစ်ဦး။ အဖာရာ ပြည့်နေသည့် အပေါ်ထပ် အနွေးထည်နွမ်းနွမ်း ဝတ်ဆင် ထားပြီး
မျက်လုံးများက ကျွန်မ စားနေသော ထမင်းများကိုငေးလို့နေသည်။ အသက် ၇၀
ဝန်းကျင်ခန့်သာ ရှိသေးသော်လည်း မျက်နှာပေါ်ကအရေးအကြောင်းများကြောင့်
ရှိရင်းစွဲအသက်ထက်ပိုကြီးနေသည်။ ထိုအဘွားအို၏အမည်သည် ဒေါ်သန်းဖြစ်လေသည်။
ရှစ်ယောက်ခန့်ရှိသော
မိသားစုလေး သည် တရိပ်ရိပ်တက်လာသော ကုန်ဈေး နှုန်းများကြောင့် အသက် ၇၀ ကျော်
အဘွားအိုနှင့် ၁၀ နှစ်အောက်ကလေးငယ် သုံးယောက်က ၁နှစ်အရွယ်အငယ်ဆုံး
ကလေးငယ်ကို ချီပိုးကာ မနက်ဆို လိုက် လံတောင်းရမ်းကြသည်ဟုဆိုလေသည်။
ကျန်အရွယ်ရောက် မိသားစုဝင်တို့က ကိုယ်စီကိုယ်ငှ ပျံကျအလုပ်များ လုပ်ကိုင်
ကြသည်။ အဘွားသန်းတို့ မိသားစု ရှစ် ယောက်တွင် အဘွားသန်းတစ်ယောက် သာ
သုံးတန်းအထိ ကျောင်းတက်ဖူးသော တစ်ဦးတည်းသော ပညာတတ်ဖြစ်လေ သည်။
“အဘွားတို့က
ဒေးဒရဲဘက်ကလေ။ မုန်တိုင်းကြီးကျပြီး ရှိတာလေးတွေအကုန် ကုန်တော့
လုပ်စားရအောင် ရန်ကုန်တက် လာကြတာ။ တစ်ယောက်မှလည်း စာ မတတ်ဘူး။ ဒီတော့
တဲထိုးပြီး တောင်းစား ရတာပေါ့။ ခုတော့ မြေးတွေပါတောင်းကြ တယ်”ဟု အဘွားသန်းက
သူတို့မိသားစု ရန်ကုန်သို့ ရောက်လာခဲ့ပုံကို ပြောပြလေ သည်။ အဘွားသန်းတို့
မိသားစုသည် နာဂစ် မဖြစ်မီ ဒေးဒရဲရှိ လယ်မြေများတွင် လယ် စိုက်၊
ကောက်ရိတ်စသည့် အလုပ်များ လုပ် ကိုင်ရင်း အသက်ရှင် ရပ်တည်ကြသည်။
နာဂစ်မုန်တိုင်းကြောင့်
အိမ်နှင့်လယ်မြေများ ပျက်စီးသွားခဲ့သောအခါ အခြားမိသားစု များနှင့်အတူ
ရန်ကုန်သို့ ရောက်လာခဲ့ခြင်း ဖြစ်သည်။ “အဲဒီတုန်းက ဒုက္ခသည်စခန်းမှာ
တော်တော်ကြာ လိုက်သေးတယ်။ခေါက်ဆွဲ ခြောက်လေးယူပေါ့။ လယ်တွေကလည်း
အကုန်ပျက်စီးသွားတယ်။ ဒါနဲ့ပဲ ရှိတာ လေးရောင်းပြီး အရဲစွန့်ခဲ့ကြတာ။
ရန်ကုန် ရောက်တော့ ဘာလုပ်စားရမှန်းမသိဘူး။ ကိုယ့်အရွယ်နဲ့က
ဘာမှလုပ်စားလို့မရ တော့ ကလေး ငယ်တွေခေါ်ပြီး သွားရာက ဒီလိုဘဝဖြစ်တာပဲ”ဟု
မိသားစု၏ ကုန်ကျ စရိတ်များကို တစ်ဖက်တစ်လမ်းမှ ကူညီ ရှာဖွေနေရဆဲဖြစ်သော
အသက် ၇၀ ကျော် ရှိအဘွားသန်းကဆိုသည်။
ရန်ကုန်မြို့တွင် ယခုတစ်လောအဆက်
မပြတ် မိုးရွာလျက်ရှိရာ မြို့နယ်တိုင်းလိုလို ၏ လမ်းများရေကြီးကာ သွားလာရ
ခက်ခဲ နေတတ်သည်။ မိုးသဲသဲမဲမဲရွာပြီဆိုလျှင် မိုးကာ၊ ထီးစသည်တို့နှင့်ပင်
မလုံလောက် တတ်ဘဲ မိုးခို၍ နေကြရသည်။ ထိုအချိန် မျိုးတွင် အဘွားသန်းနှင့်
မြေး တစ်စုတို့က မိုးရေထဲလမ်းလျှောက်ကြသည်ဟုဆိုသည်။
“အချိန်ရှိတုန်းလေးလုပ်စားရတာ မိုး ရွာတယ်၊ နေပူတယ်မရှောင်နိုင်ပေါင်။
အ
ရမ်းသည်းရင်တော့ ခိုနေတာပေါ့။ ကိုယ့်အလုပ်က ဥတုသုံးပါး အကြောင်းပြနေလို့
ငတ်မှာပေါ့”ဟု ရိုးသားစွာ ပြောပြလေ သည်။ အဘွားသန်းကဲ့သို့ပင် ရန်ကုန်မြို့၏
လမ်းတစ်လျှောက် လိုက်လံတောင်းရမ်း ကာနေထိုင်သော အဘွားအိုတစ်ဦးက လည်း
“တောင်းရတယ်ဆိုပေမယ့် တချို့ က အရမ်းရိုင်းကြတယ်။
ရေနွေးပူနဲ့ ပက်
တယ်၊ အရက်နဲ့ပက်ကြတယ်”ဟု သူတို့ ဘဝ၏ ပင်ပန်းခက်ခဲပုံကို ပြောပြသည်။
ထိုအဘွားက ဆက်ပြီး“သူများက ဘိုးဘွားရိပ်သာ သွားနေလို့ရတယ် ပြော လို့
ပိုက်ဆံလေးစုပြီးသွားတယ် သူတို့က ထောက်ခံမယ့်လူရှိမှ နေလို့ရမယ်ဆိုပြီး
နှင်လွှတ်တယ်။ စကားပြောလည်း ရိုင်း တယ်။ အားကိုးရမယ့်သူမရှိလို့ တောင်း
စားတာပေါ့။ ဘယ်သူတောင်းချင်မလဲ။ စာလည်း မတတ်ဘူး”ဟု မျက်ရည်များနှင့်
ပြောပြလေသည်။
ကျွန်မက ဘိုးဘွားရိပ်သာမှာနေချင် လား
လိုက်ပို့ပေးမယ်ဟုဆိုသောအခါ ထို အဘွားက “တစ်သက်လုံး မပူပင်ရဘဲ နေ
ရမယ်ဆိုရင်နေချင်တယ်။ ရှိတာတွေသူများ ပေးခဲ့ပြီး လိုက်ခဲ့မယ်”ဟု ဆိုသည်။
ထို အဘွားအတွက် ဘိုးဘွားရိပ်သာ ရှာဖွေခဲ့ သော်လည်း အယောက် ၁၀ဝ ကျော်ခန့်
စာရင်းပေးထားသည့်အတွက်ကျွန်မလည်းစာရင်းပေးကာ စောင့်ဆိုင်းနေရလေသည်။
ရန်ကုန်မြို့ရှိ ဘိုးဘွားရိပ်သာတိုင်းလိုလို ပြည့်နှက်နေလေပြီ။
ထိုအဘွားနှင့်ဆုံတိုင်း“စာရင်းပေး ထားတယ်အဘွားရေ။ အလှည့်ရောက်ရင်
အတူတူသွားကြမယ်”ဆိုသည့် စကားနှင့် ပဲ ကျွန်မနှစ်သိမ့်ရလေသည်။ နှလုံးရောဂါ
နှင့်သွေးတိုးရောဂါရှိသည့် ထိုအဘွား အ တွက် ကျွန်မတတ်နိုင်သည့် ခွန်အားလေး
နှင့် ဆေးများ၊ ငွေများထောက်ပံ့ရလေ သည်။ ထိုသို့သော ထောက်ပံ့မှုများလိုအပ်
နေသည့် သက်ကြီးရွယ်အိုများ ရန်ကုန်မြို့ ၏ လမ်းမထက်တွင် ပြည့်နှက်နေသည်။
“ကယ်ပါ၊ ယူပါ” တစာစာအော်ဟစ် မနေသော်လည်း နွေးထွေးမှုနှင့် မေတ္တာ
တရားတို့လွှမ်းခြုံထားသည့် အရိပ်တစ်ခုကို အပြင်းအထန်တောင့်တနေကြသူများ ဖြစ်
သည်။
“သူများလုပ်မှာပါ” ဆိုသည့် အတွေးနှင့်ရပ်ကြည့်သူများရှိသလို
“ဘယ် လိုအခန်းကဏ္ဍမျိုးကပဲ ဖြစ်ဖြစ်”ဆိုသည့် အတွေးဖြင့် တတ်နိုင်သည့်ဘက်မှ
ပါဝင် ထမ်းရွက်နေကြသည့် အဖွဲ့အစည်းများနှင့် လူငယ်များလည်း ရှိကြသည်။
မွန်မြတ် လှသည့် စိတ်ထားပိုင်ရှင်များ ဖြစ်ကြလေ သည်။
“တောင်းလို့ရတဲ့ပိုက်ဆံ ဆိုတာလည်း ထမင်းလေး စားလိုက်၊ ဆေးလေး ဝယ်
သောက်လိုက်နဲ့ ကုန်တာ၊ ဆေးတွေက လည်းဈေးကြီးတယ်” ဟု အဘွားသန်းက ဆိုသည်။
ထိုသို့တောင်းရမ်းသောအခါ
ရဲဖမ်း သည့်အချိန်ဆိုထွက်ပြေးရပြီး ဖမ်းမိသွားရင် တော့ အချို့ရဲများက
ဆဲဆိုအော်ဟစ်သော် လည်း အချို့ရဲများက ငွေအချို့ပေးကာ
နောက်မလုပ်ရန်ပြောဆိုကာ ပြန်လွှတ်ပေး တတ်ကြောင်း အဘွားသန်းကပြောပြသည်။
ရန်ကုန်မြို့တွင် မသိမသာနှင့် တိုးပွား လာသည့် ပြဿနာများထဲ၌ လမ်းတကာ
တွင်လှည့်လည်တောင်းရမ်းနေထိုင်ကြသော လူဦးရေသည်လည်း တစ်နေ့တခြားတိုးပွား
လာနေသည်။ ခေတ်မီသောနိုင်ငံတော်ကြီး ဆီသို့ သွားရာလမ်းကြောင်း တစ်လျှောက်
တွင် ထိုသူတို့၏ အခန်းကဏ္ဍကိုလည်း ထည့်သွင်းစဉ်းစားရန် လိုအပ်လေသည်။
ထိုသို့နွံထဲနစ်ဝင်နေသော
လှည်းဘီး ကြီးကို ဆွဲတင်ကြသောအခါ တစ်ဦးတစ် ယောက် သို့မဟုတ်
အဖွဲ့အစည်းတစ်ခု၏ ဆွဲတင်ခြင်းကို စောင့်ဆိုင်းမနေကြဘဲ မိမိ
နိုင်သည့်ဘက်ကဝိုင်းဝန်းကူညီတွန်းကြရန်လည်း လိုလေသည်။
သို့မှသာ
ပန်းတိုင် ကို ရောက်ကြမည်ဖြစ်သည်။ ကျွန်မအတွေးများဖြင့် ရှုပ်ယှက်ခတ် နေစဉ်
အဘွားသန်းက “သွားမယ်သမီးရေ အဘွားအကြောင်းလာပြောရင် မကုန်ဘူး၊
အချိန်ရှိတုန်းလိုက်တောင်းလိုက်ဦးမယ်၊ ညအတွက် ဆန်ဝယ်ဖို့ ငွေမပြည့်သေးဘူး”
ဟုဆိုကာ မြေးလေးများလက်ဆွဲပြီး မိုးရေ ထဲထွက်သွားကြလေသည်။
အဘွားသန်းတို့မြေးတစ်သိုက်
သွား ရာသို့ငေးရင်း ကျွန်မနှင့် ဆုံခဲ့ဖူးသော အဘွားတစ်ဦးပြောပြသည့်
“ဒီလိုပဲ ဟိုက ခေါ်နိုးနိုး ဒီကခေါ်နိုးနိုးနဲ့ ရှိတာလေးထုပ် ပြီး
မျှော်ရတဲ့ဘဝနဲ့ပဲ သေမယ်ထင်ပါတယ်၊ မသေခင်လေး အေးအေးချမ်းချမ်းလေးတော့
နေဖူးချင်တယ်”ဆိုသည့်စကားကို ပြန် လည်ကြားယောင်နေမိပါသည်။ နေဝင်ရာအရပ်သို့
တရွေ့ရွေ့သွားနေ ရပြီဖြစ်သော ထိုသူတို့၏ တုန်ယင်ချည့်နဲ့ နေသည့် လက်များသည်
စာနာနားလည်မှု နှင့် တွဲကူမည့်၊ ဆွဲခေါ်မည့်လက်များကို မျှော်လင့်ကြရင်း
ခရီးဆက်နေကြသည့် အထီးကျန်ခရီးသည်များသာ ဖြစ်ကြတော့ သည်။
မေတ္တာငတ်မွတ်လို့ သေဆုံးနေရသူတွေ
ဒီနေ့ကမ္ဘာမှာ
အကြီးအကျယ် အဆိုးဝါးဆုံးရောဂါဟာ
တီဘီလည်းမဟုတ်ဘူး။
အနာကြီးရောဂါလည်း မဟုတ်ဘူး။
နှစ်သက်လိုလားသူမရှိတာ
မေတ္တာထားခြင်း ကြည့်ရှုစောင့်ရှောက်ခြင်း
ကင်းမဲ့တာ
ပေယျာလကန် အပြုခံရတာတွေပဲ။
ကိုယ်ကာယရောဂါတွေကို
သာမန်ဆေးဝါးများပေးလို့ရပေမယ့်
အထီးကျန်ခြင်း
စိတ်ပျက်အားလျော့ခြင်း
မျှော်လင့်ချက်ကုန်ဆုံးခြင်း ဝေဒနာကိုတော့
မေတ္တာတရားနဲ့သာ ကုစားနိုင်ပါတယ်။
ဒီနေ့ကမ္ဘာမှာ
ပေါင်မုန့်တစ်ဖဲ့အတွက် အသက်ငင်သူတွေ
အမြောက်အမြားရှိတာမှန်သလို
မေတ္တာအကြင်နာလေး
နည်းနည်းမှ မခံစားရလို့
သေဆုံးကြမယ့်လူတွေကလည်း
ဒုနဲ့ဒေးပါ။
www.thailongsea.com
NO.27October2014
www.http://thailongsea.blogspot.com
Monday, 27 October 2014
Home »
အလွမ်း ကဗျာ
» အထီးကျန် နေဝင်ချန် များ(လူတိုင်းဖတ် ကြပါရန်)









0 comments:
Post a Comment