Monday, 27 October 2014

Israel နိုင်ငံ ရောက်မြန်မာနိုင်ငံသားများ၏လှုပ်ရှားမှု




Israel နိုင်ငံ Telaviv မြို့  ၁.၁၀.၂၀၀၇ နေ့  မနက် ၉ နာရီ မှ စတင် ပြီး မြန်မာသံ ရုံးရှေ တွင် Israel နိုင်ငံ

ရောက်မြန်မာ နိုင်ငံသားများနှင့် Israel နိုင်ငံသားများ ပူးပေါင်းပါဝင် ပြီး မြန်မာနိုင်ငံ စစ်အစိုးရ ဆန့် ကျင်

ရေး ဆန္ဒပြပွဲ ကို ကျင်းပခဲ့ပါတယ်။ မူလ အစီအစဉ် အရ တနေကုန် ဆန္ဒပြပွဲ ကျင်းပရန်ဖြစ်သော် လဲ

Israel နိုင်ငံ ဥပဒေအရ ဆန္ဒပြပွဲ ကျင်းပ ခွင့် မတောင်း ထားတဲ့ အတွက် နေလည်း ၁၁ နာရီ

ထိသာတိုက် ပွဲဝင်နိုင်ခဲ့ပါတယ်။ Israel နိုင်ငံသားများ ပါဝင်မှုကလဲ အားရဖွယ်လို့ သိရပါတယ်။

နောက်ဆက် တွဲ သတင်းကောင်း တစ်ခု က အောက်တိုဘာ ၈.၁၀.၂၀၀၇ နေ.တွင် မနက် ၉ နာရီ မှာ

၁၁ နာရီ ထိ တရုပ်သံရုံးရှေ့ တွင် ဆန္ဒပြပွဲ ကျင်းပပါလိမ့်ဦးမယ်။ ထိုမှ တဆင့် ၄၅ မိနစ် ခရီး အကွာဝေး

ရှိ မြန်မာသံရုံး သို့ ခြေလျင်ချီတက် ဆန္ဒပြမှာဖြစ်ပါတယ်။ လမ်းတစ်လျှောက်မှာ လဲ စစ်အစိုးရ ရဲ

့ရက်စက်မှုမှတ် တမ်းတင် ပုံများကို ဝေငှသွာမှာ ဖြစ်ပါတယ်။ ညနေ ၃ နာရီထိ ဆန္ဒပြခွင့် ကို Israel

အစိုးရထံမှ တရားဝင် ခွင့်ပြုချက်ရယူပြီး ဖြစ်ပါတယ်။

ရေးသားသူမိုးထက်နေ

No comments:

Post a Comment