လူတွေ... လူတွေ
ခေါင်းမရှိပေမယ့်
ကိုယ်တွေလှုပ်ရှားနေကြတယ်...
အင်း... သူတို့အလုပ်များတယ်တဲ့...။
ခေါင်းမရှိပေမယ့်
ကိုယ်တွေလှုပ်ရှားနေကြတယ်...
အင်း... သူတို့အလုပ်များတယ်တဲ့...။
အဲဒီထဲမှာမှ အကြီးဆုံးခေါင်းပြုတ်ကြီးက
အလှူခံလည်း ထည့်တယ်..
အပေးအကမ်းလည်း ရက်ရောတယ်..
သူက သနားတတ်တယ်လေ...။
သနားရင်း..
ပေးကမ်းရင်း
လှူဒါန်းရင်းက
တဖြည်းဖြည်း ကြွယ်ဝလာတယ်...
အဲဒါ.. သူပါပဲ။
ခေါင်းပြုတ်ပိန်သေးလေးက
တွေ့ရာ ခေါင်းပြုတ်တစ်ခုနဲ့
နေ့စဉ် ရက်ဆက် အလှူခံ ထွက်ပါသတဲ့
ဦးထုပ်လေး ပါးစပ်မှာ ကိုက်လျှက်လေ...။
လှူကြတန်းကြ..
မြင်လည်း မမြင်ရ
အသံလည်း မကြားရ..
ဘာမှန်းမသိတဲ့ ဘ၀နဲ့ပေါ့။
တကယ်တော့ လှူနေတာတွေက
ခေါင်းပြုတ်အကြီးကြီးရဲ့ ပါးစပ်ဝကိုလေ...
သူများတွေ စားစရာပါးစပ်မရှိပေမယ့်
ခေါင်းပြုတ်ချင်းအတူတူ
သနားတတ်တဲ့ လူကြီးမှာ
ပါးစပ်အကြီးကြီး ရှိသတဲ့ဗျာ.....
ကဲ... ခင်ဗျား ဘာတတ်နိုင်သေးလဲ။
အကြင်နာ လမင်း(27.10.2014

No comments:
Post a Comment