Monday, 27 October 2014

တကယ်ပဲလား....

တကယ်ပဲလား

မင်းနဲ့ငါ
ဖြတ်လျှောက်ခွင့်
မရှိဘူး
ဆိုပေမယ့်

ဒီ .........

တံတားမှာ
သံယောဇဉ်
လက်ကျန်တွေ
အများကြီးပဲနေမှာပေါ့

တစ်ယောက်
တစ်ဘက်ဆီပါပဲ
လှည့်ကြည်ရုံလေး
ဆိုပေမယ့်



ကြောချင်းကပ်
လမ်းခွဲခဲ့တာမှ
မဟုတ်တာ
စာရေးဆရာ

တာရာမင်းဝေ
ပြောသလို
သံယောဇဉ်ဆိုတာ
အရောဝင်လို့

မကောင်းတဲ့
ခွေးကလေးတစ်ကောင်
ပါလို့ သိရက်နဲ့

ငါက ........

လှိုက်လှိုက်လှဲလှဲ
ကြိုဆိုနေမိတယ်
ဘာပဲဖြစ်ဖြစ်လေ .....

ငါ့ရဲ့ .....
ဘယ်ဘက်ရင်အုံမှာ
မင်းအမြဲတမ်းရှိနေဖို့က
အရေးကြီးတယ်
မင်းနဲ့ ပက်သက်ပြီး
အသက်ရှုသံတွေ
မရပ်သရွေ့ပေါ့ ......

လေးစားစွာဖြင့်
အကြင်နာ လမင်း(ချင်းတိုင်းရင် သူလေး)

No comments:

Post a Comment