Monday, 27 October 2014

လူ့ဘဝဆိုင်ရာ တွေးစရာလေးများ အချို့ (စာပေး အသိပညာ ဗဟုသုတ ဆိုင်ရာ)

လူ့ဘ၀ဆိုင်ရာ တွေးစရာလေးများ အချို့ 
၁။ သူများနဲ့ မတူ ထူးခြားတဲ့ အမူအကျင့်ရှိသူ၊ အပြောအဆို မပြေပြစ်တတ်သူ အချို့က မိမိ အတွက် အကောင်းဆုံး သူငယ်ချင်းလည်း ဖြစ်တတ်ပါတယ်။ 
၂။ လူတိုင်းမှာ လျှို့ဝှက်ထားတဲ့ ဇာတ်လမ်းတွေ ရှိတတ်ကြပါတယ်။ သူတို့ရဲ့ ဘ၀ဒဏ်ရာများ၊ အတွေ့အကြုံများက သူတို့ရဲ့ ပင်ကိုယ် အကျင့်စရိုက်၊ အမူအကျင့်များကို ပြောင်းလဲ သွားစေခြင်းကြောင့် ဖြစ်ပါတယ်။ 
၃။ တစ်ခါတစ်ရံ မိုင်ပေါင်ထောင်ချီ အဝေးမှာ ရှိနေတဲ့ လူတစ်ယောက်က ကိုယ့်အနီးမှာ ရှိနေတဲ့သူ တစ်ယောက်ထက်တောင် ပိုပြီးတော့ နီးစပ်နေသလား ခံစားတတ်ကြ ပါတယ်။ 
၎။ အမှား တစ်မျိုးကိုပဲ တစ်ခါ ထပ်မက နှစ်ခါ၊ သုံးခါ လုပ်နေတဲ့ သူအချို့ဟာ မတော်တဆကြောင့် မဟုတ်ပဲ တမင်ထပ်မှားဖို့ ရွေးချယ်သူများ ဖြစ်ပါတယ်။ 
 ၅။ ငယ်ရွယ်စဉ်မှာ အလွဲအမှား လေးတစ်ခုမှ မလုပ်ထားခဲ့ရင် အသက်ကြီးလာတဲ့ အခါ ရယ်စရာ အဖြစ် ပြန်ပြော၊ ပြန်တွေးစရာ ရှိမှာ မဟုတ်ပါဘူး။ 
၆။ တစ်ခါတစ်ရံမှာ မိတ်ဆွေတစ်ယောက်ကို ယုံကြည်ဖို့ဆိုတာ အခက်ခဲဆုံး အလုပ် တစ်ခုပါပဲ။ 
ကိုယ့်ရဲ့ အခင်ဆုံး အရင်းနှီးဆုံး သူငယ်ချင်းကလည်း ကိုယ့်ရဲ့ အကြီးမားဆုံး ရန်သူ တစ်ဦး ဖြစ်သွား တတ်ပါတယ်။

No comments:

Post a Comment